မကွေးကုန်စည်ကုန်စည်ဒိုင်၏ မြေပဲ၊ နှမ်းမျိုးစုံ ဈေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း မကွေးကုန်စည်ဒိုင်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် မကွေးကုန်စည်ဒိုင်မှ သီးနှံဈေးနှုန်းများမှာ နှမ်းနက်စမုံ(၁၅)ပိဿာ (၁) တင်းလျှင် ကျပ်(၂၃၄၀၀၀-၂၃၇၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာ(၁)တင်း လျှင် ကျပ်(၁၀၀၀၀၀-  ၁၀၂၀၀၀)၊ နှမ်းနီ(၁၅)ပိဿာ(၁)တင်း လျှင် ကျပ်(၁၀၇၀၀၀)၊ နှမ်းညို(၁၅) ပိဿာ (၁)တင်းလျှင်ကျပ် (၉၀၀၀၀-၉၂၀၀၀) ဖြစ်၍ တစ်ပတ်လျှင်နှမ်းနက်(စမုံ) တန်ချိန်(၁၂၀)ခန့်၊ နှမ်းဖြူ တန်ချိန်(၁၅၀)ခန့်၊ နှမ်းနီ(မကွေး) တန်ချိန်(၃၀)ခန့်၊ နှမ်းညို တန်ချိန်(၅၀)ခန့် အရောင်းအဝယ်ဖြစ် ကြောင်းနှင့် လုံးဆံနီ(၁) ပိဿာလျှင် ကျပ်(၇၄၀၀-၇၅၀၀)၊ လုံးဆံဖြူ(၁)ပိဿာလျှင် ကျပ်(၇၆၀၀-၇၇၀၀)၊ မြေပဲဆံ(အောက်ကျ) (၁)ပိဿာလျှင် ကျပ်(၆၀၀၀-၆၂၀၀) ဖြစ်၍ တစ်ပတ်လျှင် မြေပဲဆံအုပ်စု စုစုပေါင်း  တန်ချိန်(၃၀၀)ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)