ဈေးနှုန်းကျဆင်းလာသောဩဇာသီး

Powered by Drupal

              မြင်းခြံမြို့နယ်၊ အေးမြသီတာဈေးတွင် သစ်သီးဝလံမျိုးစုံ‌ရောင်းချလျှက်ရှိရာ ပြည်မြို့မှ ထွက်ရှိသော ဩဇာသီးများကိုလည်း မှာယူရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ဒေသထွက် ဩဇာသီးကြီး တစ်လုံးလျှင် (၁၀၀၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၇၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဩဂုတ် နောက်ဆုံးပတ်တွင်ဩဇာသီးကြီးတစ်လုံးလျှင် (၁၃၀၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၉၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက် ဩဇာသီးကြီးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၀၀) ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်းများ ကျဆင်းခြင်းမှာ ရာသီပေါ်ဩဇာသီး များထွက်ပေါ် ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ အသီးအရည်အသွေး လတ်ဆတ်မှု အ‌ပေါ်တွင် မှုတည်၍ ဈေးနှုန်းများလည်း ကွာခြားကြောင်း၊ ပြည်ဩဇာသီးသည် အရသာထူးကဲပြီး ချိုချဉ်ချဉ်ဖြစ်၍ အသားထူသောကြောင့် ဈေးကွက်တွင် လူကြိုက်များ၍ စားသုံးမှုများပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ နေ့စဉ်ဩဇာသီးအလုံးရေ (၁၀၀-၂၀၀) ခန့်ရောင်းချရ ကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။ ဩဇာသီးဝယ်ယူပါက အရည်အသွေး ကောင်းသော အသီးကိုရွေးချယ်လိုလျှင် စားသုံးသူ၏လက်ထဲ၌ အသီးကိုချိန်ဆ၍ ကိုင်ကြည့်ပြီး အလေးချိန်စီး‌သော မျက်ကွင်းကျယ်အသီးရင့်ရင့်များကိုသာ ရွေးချယ်ဝယ်ယူ၍ စားသုံးနိုင်ကြောင်း သိရှိရသည်။

DOCA (မန္တလေး)