ညောင်တုန်းမြို့နယ်အတွင်း တရားမဝင်ကုန်စည်များ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်သော စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံစေရန် တားမြစ်ထားသော တရားမဝင် စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များနှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၌   ကွင်းဆင်းစစ်ဆေးသည်။

       ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများ၊  မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ညောင်တုန်းမြို့နယ် ဘုရာလမ်းပေါ်ရှိတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များနှင့် လုပ်ငန်းသုံးပစ္စည်းဆိုင်များတွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန် ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိ၊ တရားမဝင် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်ပြောကြားကာ တရားမဝင်ပစ္စည်းများ ရောင်းချပါက ဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို  လုပ်ငန်းရှင်များအား အသိပညာပေး ပြောကြားရှင်းလင်းခဲ့ ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)