၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုထ္ထအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၆၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၀၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ် တို့ဖြစ်ပါသည်။
တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၂၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၅၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၅၀၀)ကျပ် တို့ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ တတိယအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင်(၁၀၀၀)ကျပ်၊ ဆင်တံဆိပ်နှင့် စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၅၀၀)ကျပ် ကျဆင်းခဲ့ပြီး ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၅၀၀၀)ကျပ်နှင့် ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၅၀၀၀)ကျပ် ကျဆင်းခဲ့ပါသည်။ တာချီလိတ်မြို့တွင် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင်(၁၀၀၀)ကျပ်၊ ဆင်တံဆိပ်နှင့် စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)