ဇလွန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် စားအုန်းဆီနှင့်ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် (၂၂.၉.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစတင်၍ ပင်စင်စားဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဆန်နှင့် စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးနှင့် မြို့နယ် စားအုန်းဆီ လက္ကားကိုယ်စားလှယ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် စားအုန်းဆီ (၅၀ ကျပ်သား)ဘူးခွံအပါ တစ်ဗူးလျှင် ၃၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၅၀)နှင့် ကြက်ဥ(၅)လုံး တစ်ထုပ်လျှင် (၂၀၀၀)ကျပ်ဖြင့် အလုံးရေ (၅၀၀)လုံးအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချခြင်းကို ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)