မူဆယ်မြို့ရှိ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်ဈေးကွက်

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကို ရောင်းချလျက်  ရှိကြောင်း တွေ့ရှိရပါသည်။

    ဂေါ်ဖီထုပ်ဈေးနှုန်းမှာ  အကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင်(၁၅၀၀) ကျပ်မှ (၂၅၀၀ -၃၀၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်၍ ဈေးကွာကြောင်းသိရသည်။ ပဲတောင့်ရှည်ဈေးနှုန်းမှာ တစ်စည်းလျှင် (၁၅၀၀) ကျပ်မှ (၂၅၀၀ -၃၀၀၀) ကျပ်အထိ အစည်းအကြီးအသေးပေါ်မူတည်ပြီး ကွဲပြားကြောင်း သိရှိရသည်။ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကို မြို့ထဲရှိ ရေခြံစိုက်ပျိုးရေးလုပ်ကိုင် သူများနှင့် အနီးနားရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့်ရွာများမှ လာရောက်ရောင်းချကြပြီး၊ တစ်ဖက်နယ်စပ်ဖြစ်သော တရုတ်မှလည်း တစ်နိုင်တစ်ပိုင်စားသုံးရန်အတွက် ယူ၍ရောင်းချကြကြောင်း လည်း သိရှိရသည်။

DOCA(ရှမ်း)