ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကုန်စည်စီးဆင်းမှု အခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသထွက် ကုန်ပစ္စည်းများ စိုက်ပျိုးရေးထွက်ကုန်များအား အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ နေ့စဉ် တင်ပို့ရောင်းချလျက်ရှိရာ အများဆုံးတင်ပို့သည့် ကုန်ပစ္စည်းများမှာ အစေ့ထုတ်ပြောင်း၊ ပဲစင်းငုံ၊ ပဲပုတ် ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံများ၊ လက်ဖက်ခြောက်၊ လက်ဖက်စို၊ မွေးမြူရေးထုတ်ကုန်ဖြစ်သော ဝက်၊ ကြက် နှင့် ကြက်ဉများဖြစ်ကြောင်း သိရှိရပါသည်။

     (၂၁-၉-၂၀၂၅)ရက်နေ့မှ (၂၇-၉-၂၀၂၅)ရက်နေ့ထိ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အခြားတိုင်း ဒေသကြီး/ပြည်နယ်များသို့ အစေ့ထုတ်ပြောင်း(  ၁၂၈၂၇ )တန်၊ပဲစင်းငုံ (၄၅၄)တန်၊ ပဲပုတ် (၂၃၀၁)တန်၊ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ၊အာလူးနှင့်ဂျင်း (၉၂၉)တန်၊ လက်ဖက်ခြောက် (၂၈၀)တန် ၊ မွေးမြူရေးထုတ်ကုန်ဖြစ်သော ဝက်၊ကြက် (၉၅၉)တန် တင်ပို့နိုင်ခဲ့ကြောင်း သတင်းရ ရှိခဲ့ပါသည်။

DOCA(ရှမ်း)