
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက သဲအိမ်တမံကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပြောကြားရာတွင် သဲအိမ်တမံ ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေရေး၊ သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး သဲအိမ်တမံကျေးရွာရှိ စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)