ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မိုးမြေပဲ စိုက်ဧက လေးထောင်ကျော်ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်းသိရှိ ရသည်။
ကြံခင်းမြို့နယ်တွင် ယခုနှစ်၌ မြေပဲစိုက်ဧက ၃၆၅၀ ဧက စိုက်ပျိုးထားပြီး၊ စိုက်ဧက ၃၂၀၀ခန့် တူးဖော်ပြီးကြောင်း၊ မြေပဲကို နှစ်စဉ် မေလ တွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် လှိုင်လှိုင်တူး ဖော်ကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကြစရိတ်အနေဖြင့် မြေပဲစိုက်ဧက တစ်ဧကလျှင် ငွေကျပ် ၆၅၀၀၀၀ခန့် ကုန်ကြပြီး တစ်ဧက ပျမ်းမျှအတွက်တင်း ၆၁ တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်မှုကြောင့် မြေပဲအထွက်နှုန်း ကောင်းမွန် ကြောင်း၊ ယခုနှစ် ဒေသတွင်းပေါက်ဈေးအနေဖြင့် သီးနှံအရည်အသွေးပေါ်မူတည်၍ မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၂၈၀၀၀ မှ ငွေကျပ် ၃၀၀၀၀ ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀၀၀၀၀၀ ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ကြံခင်းမြို့နယ်အတွင်းမှ ထွက်ရှိသော မြေပဲများကို ဒေသခံကုန်သည်များမှ ဝယ်ယူ၍ ရန်ကုန်မြို့နှင့် ပုသိမ်မြို့နှင့် ပြည်မြို့များသို့ တိုက်ရိုက် တင်ပို့ရောင်းချကြောင်း သိရသည်။
DOCA(ဧရာဝတီ)