
ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော ပန်းအိပန်းပျိုးပင်များကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်း မှာယူရောင်း ချလျက်ရှိကြောင်းသိရှိရပါသည်။ ပန်းအိပင်သည် အလှပန်းပင် ချုံပင်ကြီးမျိုးဖြစ်သည်။ မိုးရာသီ တွင်ပန်းအိပန်းများ အဆုပ်လိုက် အခိုင်လိုက် ပွင့်သောပန်းမျိုးဖြစ်သည်။ ရနံ့မကြွယ်သော်လည်း ရနံ့သင်းသင်းလေးရှိသော ပန်းဖြစ်သည်။ ပန်းပွင့်များ၏ ပွင့်ဖတ်တို့သည် အတွန့်တွန့်ကလေး များဖြင့်နုနယ်ပါသည်။ အပူပိုင်းဒေသများတွင် အောင်မြင်ဖြစ်ထွန်းနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ပြီး ပန်းအိပန်းအရောင်များမှာ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ အဖြူရောင်၊ မရမ်းရောင်၊ဟူ၍ အရောင်မျိုးစုံရှိကြောင်း၊ ပန်းအိပင်များကို နေအိမ်ခြံဝင်း၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များ၊ လမ်းဘေးဝဲယာများတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိကြောင်း၊ပန်းအိပန်းပျိုးပင် တစ်ပင်လျှင် အရောင်နှင့် အရွယ်အစားပေါ်မူတည်၍ အသေး(၁)ပင်လျှင် (၅၀၀၀)ကျပ်၊ အကြီး(၁)ပင်လျှင် (၇၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
