
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံး၌ (၂၃.၉.၂၀၂၅) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ဓါတ်မြေဩဇာအရောင်းဆိုင်များမှ မြေဩဇာများအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်ခြင်း ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိ ကိုစစ်ဆေးခြင်း၊ စိုက်ပျိုးရေးတောင်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူများအနေဖြင့် ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)