စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          (၂၃..၂၀၂) နေ့ (၁၁း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းတနော်မြို့ပေါ်နှင့် ပန်းတနော်-ပုသိမ်ကားလမ်းဘေးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း ၍  စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေး များအတိုင်းရောင်းချရန်၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း ဆီပြတ်လပ်မှုမရှိ စေရေးအတွက် ကုမ္ပဏီများမှ မှာယူထားသော စက်သုံးဆီ ဘောက်ဆာကာများ ကြန်ကြာမှုမရှိစေရေး အချိန်မီရောက်ရှိစေရေးအတွက် မိမိတို့ဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့ရောင်းချနေသော ကုန်စည်များအလေး၊ အချိန်အတွယ်ပြည်ဝစွာရောင်းချကြရန် ဆီဆိုင်လုပ်ငန်းရှင်များသိရှိ လိုသည်များကို ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)