တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

၂၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ (ကြာသပတေးနေ့)

            တရုတ်နိုင်ငံသို့ဆန်တင်ပို့ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် အစည်းအဝေးခန်းမ၌ ၂၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ၊ နေ့လယ် ၁ နာရီ တွင် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

           ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကား ပြောကြားရာတွင် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် SPS Protocol ကို ၂၀၁၄ ခုနှစ်က စတင်လက်မှတ်ရေးထိုးခဲ့ပြီး ဆန်အပါအဝင် ဆန်ကွဲပါတရားဝင်တင်ပို့နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ SPS Protocol အရ တရုတ်နိုင်ငံသို့ မှတ်ပုံတင်ခွင့် ရရှိထားသည့် ကုမ္ပဏီ အရေ အတွက် မှာ ၂၀၁၄ ခုနှစ်တွင် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ ၂၃ ခုရှိပြီး ၂၀၁၄ ခုနှစ် မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ထိ စုစုပေါင်း ကုမ္ပဏီ ၁၄၀ ခု အထိ ရှိလာပြီဖြစ်ပါကြောင်းယခု ၂၀၂၅ ခုနှစ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန် နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး အဆိုပြုလျှောက် ထားလာသော ကုမ္ပဏီ အသစ် ၄၇ ခု ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွက် အဆိုပြုကုမ္ပဏီ ၄၇ ခုအနက် ကုမ္ပဏီ ၄၁ ခုမှ ဆန်စက် စုစုပေါင်း ၄၁ စက်နှင့် Transit သိုလှောင်ရုံ လုံး စစ်ဆေးခဲ့ပြီး ကျန်ကုမ္ပဏီ ၆ ခုသည် စစ်ဆေးမှု ခံယူနိုင်ခြင်း မရှိဟု သိရှိရပါကြောင်း၊ တရုတ်နိုင်ငံ GACC တွင် မှတ်ပုံတင်ခွင့်ရရှိသည့် ဆန်စက်များအနေနဲ့ SPS Protocol ပါ သတ်မှတ်ချက်များကို စစ်ဆေးရေးအဖွဲ့လာရောက်မှသာ ပြင်ဆင် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ အစဉ်အမြဲလိုက်ပါဆောင်ရွက်နိုင်မှသာ ပြည်ပဈေး ကွက်တည်မြဲနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆန်စက်များ နှင့် သိုလှောင်ရုံများအား စစ်ဆေးပြီးစီးမှုအပေါ် နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့က စိစစ်ရွေးချယ်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ အမှာစာများကို အဖွဲ့ဝင်များက အတည်ပြုဆွေးနွေးခဲ့ကြပါသည်။

            အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဒုတိယ ဥက္ကဋ္ဌနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM