ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်းသီးနှံ ဈေးမြင့်တက်လျက်ရှိပြီး ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

            ပခုက္ကူကုန်စည်ဒိုင်တွင် စက်တင်ဘာလဆန်းမှ ယခုလကုန်ပိုင်းထိ နှမ်းမျိုးစုံဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလဆန်းတွင် နှမ်းနက်(စမုံ)ရှယ် တစ်တင်းလျှင် အမြင့်ဈေး(၁၀၀၀၀၀)ကျပ်၊ နှမ်းနက်(စမုံ)ပုံမှန် တစ်တင်းလျှင်(၇၀၀၀၀)ကျပ် ၊ နှမ်းဝါတစ်တင်း လျှင် (၈၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လကုန်ပိုင်းတွင် နှမ်းနက်(စမုံ)ရှယ် တစ်တင်းလျှင် အမြင့်ဈေး(၁၀၅၀၀၀)ကျပ်၊ နှမ်းနက်(စမုံ)ပုံမှန် တစ်တင်းလျှင် (၉၈၀၀၀)ကျပ် နှမ်းဝါတစ်တင်းလျှင် (၉၀၀၀၀)ကျပ် ဖြစ်ခဲ့ပြီး တစ်လအတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၅၀၀၀)ကျပ် ၊ နှမ်းနက်(စမုံ) ပုံမှန်တစ်တင်းလျှင် (၂၈၀၀)ကျပ် ၊ နှမ်းဝါတစ်တင်းလျှင် (၂၀၀၀)ကျပ် အသီးသီးတက်ခဲ့ကြောင်း သိရှိရပါသည်။

            ပဲဈေးကွက်တွင်လည်း ပဲစဉ်းငုံတစ်တင်းလျှင် (၆၄၀၀၀)ကျပ်၊ ကုလားပဲဝါ(၉၂၉)တစ်တင်း လျှင် (၆၅၀၀၀)ကျပ်၊ ကုလားပဲ(HL)တစ်တင်း (၆၄၀၀၀)ကျပ်၊ ပဲတီစိမ်း(အသေး)တစ်တင်းလျှင် (၅၃၀၀၀)ကျပ် အသီးသီးရှိပြီး ရောင်းဝယ်မှုပမာဏအနေဖြင့် နှမ်းနက်(စမုံ)ရှယ်အိတ် (၂၇၀၀)၊ နှမ်းနက်(စမုံ)ပုံမှန် အိတ်(၃၅၀၀)၊ နှမ်းဝါအိတ် (၂၀၅၀)၊ ပဲစဉ်းငုံ(နီ) အိတ်(၁၂၅၀)၊ ကုလားပဲဝါ (၉၂၉)အိတ် (၇၀၀)၊  ကုလားပဲ(HL)အိတ် (၄၅၀)၊ ပဲတီစိမ်း(အသေး)အိတ်(၁၃၆၀၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

a