မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိကျေးရွာအုပ်စုများတွင် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိ ဟင်္သာတမြို့နယ်တာဝန်ခံတို့သည် (၂၄.၉.၂၀၂၅)ရက်နေ့ နံနက်(၁၃:၃၀) နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ဟင်္သာတ မြို့နယ် တာငါးဆယ်တောင်ရပ်ကွက်ရှိ (ထွန်း)လက်ကားကုန်မျိုးစုံဆိုင်နှင့် လယ်တီကွင်းရပ်ကွက်ရှိ (အောင်ရတနာ)လက်ကားကုန်မျိုးစုံဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ် ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေး၊လစဉ်ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)