အရောင်းအဝယ်ဖြစ်လျက်ရှိသော ထောပတ်ပဲဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံများသို့ရောင်းချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၅၀၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၂၄၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲ တစ်တင်းလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေး မြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါ သည်။

DOCA (စစ်ကိုင်း)