
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ် မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ မြားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမိုမာတီပလပ် ကွန်ပေါင်းဓာတ်မြေဩဇာ(50)kgတစ် အိတ်လျှင်(၁၇၅၀၀၀)ကျပ်၊ ရွှေနဂါးပုလဲသာ(50)kg တစ်အိတ်လျှင် (၁၀၈၀၀၀)ကျပ်၊ ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၆၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်း ဆေး(၅၀၀)စီစီတစ်ဘူးလျှင် (၄၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။
DOCA (စစ်ကိုင်း)
