
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေး ကျေးရွာ၊ နတ်အင်းကျေးရွာရှိ တောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များအပြင် တစ်ပိုင်တစ်နိုင် ဒေသနွားနှင့် မေထုံနွားများ မွေးမြူ၍ နွားနို့များညှစ်ကာ မိသားစုစားဝတ် နေရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိစေရန် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည် ။
မေထုံနွားမတစ်ကောင်ကို တစ်နေ့နို့ပိဿာ(၇)ပိသာခန့်နှင့် ဒေသနွားမတစ်ကောင်းကို (၃)ပိဿာခန့် ထွတ်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော ဒေသထွက်နွားနို့(၁)လီတာ(၁)ဘူးလျင် (၁၈၀၀မှ ၂၀၀၀)ကျပ်၊ မေထုံနွားနို့(၁)လီတာ(၁)ဘူးလျင် (၁၆၀၀မှ ၁၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချရပြီး လဖက်ရည်ဆိုင်များ၊ နွားနို့ကြိုက်နှစ်သက် သူများ ကနေ့စဉ်ဝယ်ယူလျက်ရှိကြောင်း ဒေသထွက်နွားနို့ရောင်းချသူထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)
