ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူဈေးနှုန်းမြင့်တက်

Powered by Drupal

      ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ပိုလျှံသောသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၂၂၅၀၀) ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်တတိယပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း နှမ်းနက်တစ်တင်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်း၍ နှမ်းဖြူတစ်တင်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)