ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေ အထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၃၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်တွင် နေကြာသီးနှံကိုဆီကြိတ်၍ ကုန်ချောထုတ်လုပ်ပြီး ပိုလျှံသောနေကြာသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင် များသို့ တင်ပို့လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)