
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ပင်စင်စားများအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြပါသည်။
ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပင်စင်စားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခြေအနေများကို တိုင်းတာပေး၍ လိုအပ်သည့် သောက်ဆေးများပေးခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့နှင့် ပူးပေါင်း၍ ဧည့်မထဆန် တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃30) ကျပ်၊ ဗူးခွံအပါ ဆီ(၅၀) ကျပ်သား တစ်ဘူးလျှင် (၃700) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအား သက်သာသောဈေးနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
