ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ကန်ဇွန်းဥ ဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ကန်စွန်းဥကို  စားသုံးသူများနှင့် မုန့်လုပ်သူများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်က္ကား(၁)ပိဿာလျှင် (၃၈၀၀)ကျပ်  နှင့်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း  ယခုပတ်အတွင်း ကန်စွန်း ဥများပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါသည်

DOCA (စစ်ကိုင်း)