ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သခွားသီးဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ သခွားသီးပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက် ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ သခွားသီးများကို သုပ်စား၊ချက်စား၊ ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်၌ ကန့်ဘလူမြို့မဈေးတွင် သခွားသီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ ရောင်းချလျက်ရှိ ကြောင်း၊သခွားသီးအကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၃၀၀)ကျပ်ဖြင့်အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)