“ရုံးပတီသီးစျေးနှုန်းအနည်းငယ်ကျဆင်း”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ရုံးပတီသီးကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာ ကြပြီး ယခုအချိန်တွင် တောင်သူများသည် ရုံးပတီသီးကို စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ရုံးပတီသီး ကိုရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ခြေကိုက်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ရုံးပတီသီးကို သံချပ်ကုန်း၊ အုတ်ဖို နှင့် ရွာပုလဲကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။

       စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး ၊ ပင်လတ်မျိုး နှင့် ပင်မြင့်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၈၀၀၀/-)ကျပ်ပေးရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၆၃၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျကြောင်း၊စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပြီး တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ပေးရကြောင်း ၊ သက်တမ်းအနေဖြင့်(၂)လအထိ ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလတတိယပတ်တွင် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၂၃၀၀-၂၅၀၀)ကျပ် ဈေးနှုန်း ရရှိပြီး လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ် ဈေးနှုန်းများရှိခဲ့ပြီး စက်တင်ဘာလ စတုတ္ထပတ်တွင် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၃၀၀-၁၅၀၀)ကျပ် ဈေးနှုန်းရရှိပြီး လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်ဈေးနှုန်းများဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း ၊ ယခင်အပတ်ထပ်စျေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက်ဈေးနှုန်းအတက်အကျရှိကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့်ပိဿာ(၁၀၀၀)ခန့် ထွက်ရှိကြောင်း၊အကျိုးအမြတ်အနေဖြင့်(၈၇၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ စိုက်ခင်းသို့ လာရောက် ဝယ်ယူသော ကုန်စိမ်းပွဲစားများအား ရောင်းချသည့်အပြင် မြို့မဈေး နှင့် အေးမြကြည်လင်ဈေး များသို့လည်းတင်ပို့ရောင်းချကြကြောင်း၊ ရုံးပတီသီး စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)