“တိုင်ထောင်ပဲတောင့်ရှည်ဈေးနှုန်းအနည်းငယ်ကျ”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် တိုင်ထောင်ပဲတောင့်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ပဲတောင့် ရှည်သီးနှံကို မျိုးအနေဖြင့် အစိမ်းရောင်နှင့်ကတ္တီပါရောင်ဟူ၍နှစ်မျိုးရှိရာ အစိမ်းရောင်မျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း၊ တိုင်ထောင်ပဲသည်စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်ကြောင်း (၁)ဧကကုန်ကျ စရိတ်အနေဖြင့် တိုင်ထောင်ဝါး၊မျိုး၊သွင်းအားစုနှင့်လုပ်သားခ အပါအဝင်စုစုပေါင်း (၅၀၀,၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာ‌(၅၀၀) ခန့်ထွက်ရှိကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁,၀၀၀,၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း သိရှိပါသည်။

      ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ တတိယပတ်တွင် လက်ကားဈေး(၁)ပိဿာလျင်(၃၅၀၀/-)ကျပ်၊ လက်လီဈေး (၅၀၀၀/-)ကျပ်ဈေးနှုန်းရှိခဲ့ပြီး စက်တင်ဘာလစတုတ္တပတ်တွင် လက်ကားဈေး (၁)ပိဿာလျှင်(၃၀၀၀/-)ကျပ်၊လက်လီဈေး(၄၅၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ယခင် အပတ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း၊ ခူးဆွတ်ရာတွင် (၁)ရက်ခြား ခူးဆွတ်ရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည်အတွက် တစ်ပတ်နှင့်တစ်ပတ် ဈေးနှုန်းမတူညီကြောင်း၊ ပဲတောင့်ရှည် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)