“မြစ်သားမြို့နယ်တွင်မိုးနှမ်းများအားလုံးရိတ်သိမ်းပြီးစီး”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ၄င်းသီးနှံများအနက်မိုး နှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် မြစ်သားမြို့နယ်တွင် (၄၂၀၀)ဧက စိုက်ပျိုးပြီး ၎င်းဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ မိုးနှမ်း(၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃) ပြည်စိုက်ပျိုးရ ကြောင်း၊ (၁)ပြည်လျှင် (၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မိုးနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ အများဆုံးစိုက်ပျိုးသော ရွာများမှာ နွားလျှာရိုးရွာ၊ ညောင်ဂျစ်ရွာ၊ ရိုးကန်ရွာနှင့် မန်ကျည်းကန်ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းတစ်ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၂၂၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၉၆၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၉၆၀၀၀/-)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၇၅၀၀/-)ကျပ်၊ ယခုနှစ်တွင် နှမ်းဖြူတစ်တင်းလျှင် (၁၀၂၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၂၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်း လျှင်(၁၀၀၀၀၀/-)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၈၀၀၀/-)ကျပ်၊ စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါ သည်။ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၆၇၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း မိုးနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)