သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီး များ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး စက်တင်ဘာလ (၂၃) ရက်နေ့ မှ စက်တင်ဘာလ (၂၉) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ အာတာလွတ်ဥ တစ်ပိဿာ ကျပ် ၅၀၀၀၊ ရှမ်းပြည်မှ ထောပတ်သီး အိတ်ကြီးတစ်အိတ် ကျပ် ၅၀၀၀၀၊  တိုက်ကြီးမှ ကလောဥ တစ်ပိဿာ ကျပ် ၁၀၀၀/၁၃၀၀၊ ပုပ္ပါးမှ ဩဇာသီး အလုံးကြီး ဂျပ်ဖာ ကျပ် ၄၀၀၀၀၊  မော်လမြိုင်မှ ကျွဲကောသီး ကျပ် ၁၅၀၀/၃၅၀၀/၆၀၀၀/၈၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၂၅၀၀/၆၀၀၀၊ တန့်ယန်းမှ နာနတ်သီး တစ်လုံး ကျပ် ၁၅၀၀/၂၅၀၀/၃၀၀၀၊ ပုပ္ပါး၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၂၅၀၀၀၊  အောင်ပန်းမှ လိမ္မော်သီး တစ်လုံး ကျပ် ၇၀၀/၈၀၀၊ ချောင်းဦးမှ ဖရဲသီး(211) အလုံးကြီး ကျပ် ၃၀၀၀/၄၀၀၀/၅၀၀၀၊  တိုက်ကြီး၊ မှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၅၀၀၀၀/၁၁၀၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၈၀၀၀၀၊ ရှမ်းပြည်မှ ပန်းသီး တစ်သေတ္တာကျပ် ၈၀၀၀၀၊  ရှမ်းပြည်မှ သရက်သီး တစ်သေတ္တာ ကျပ် ၅၀၀၀၀/၆၅၀၀၀၊  ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့် တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲ ကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA (ရန်ကုန်)