အရောင်းအဝယ်ဖြစ်သည့် ကွမ်းသီးစိတ်ဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၏ ကွမ်းသီးစိတ် ဈေးနှုန်းများမှာ ကွမ်းသီးစိတ်(ရှယ်)တစ်ပိဿာလျှင် (၄၁၀၀၀)ကျပ်၊ အလတ်စ(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ အညံ့(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကွမ်းသီးစိတ်(၁) ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ မြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း  ကွမ်းသီးစိတ် ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)