
ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက ဆန်စပါးစီးပွားရေး ဗဟိုချက်တစ်ခုအဖြစ် တည်ရှိပြီး ပတ်ဝန်းကျင်မြို့နယ်များဖြစ်သည့် ကျောင်းကုန်း၊ ငပုတော၊ မြန်အောင်စသည့်ဒေသများမှ ထွက်ရှိသော ပေါ်ဆန်းစပါးများ စုဝေးရာနေရာလည်းဖြစ်ပါသည်။ ပေါ်ဆန်းစပါးသည် ဆန်ဖြူဆွတ်ပြီး အနည်းငယ်ကြောင်ခြယ်ရှိခြင်း၊ စေ့ကြီးလုံးဝန်းခြင်း၊ ချက်ပြုတ်လျင် ဆန်ကြည်ဖြစ်ကာ ပွပြီး အနံ့အရသာကောင်းမွားခြင်းစသော ဝိသေသလက္ခဏာများကြောင့် ဈေးကွက်တွင် အရည်အသွေး ကောင်းစပါးအဖြစ် နာမည်ကျော်ကြားသည်။
ပုသိမ်မြို့ရှိ ပေါ်ဆန်းစပါးဈေးကွက်သည် ပြည်တွင်းဆန်စပါးကဏ္ဍ၏ အရေးပါသောဈေးနှုန်း ညွှန်းကိန်းတစ်ခုအဖြစ် ရပ်တည်နေသည်။ ဤဈေးကွက်ရှိ စပါးဈေးနှုန်းသည် တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ချက်တစ်ခုအဖြစ် သက်ရောက်မှုရှိပြီး ပုသိမ်ဈေးတက်လျှင် တစ်နိုင်ငံလုံး ဈေးတက်လေ့ရှိသည်။ ဈေးကွက်အတွင်း ပေါ်ဆန်းစပါးကို အရည်အသွေးအလိုက် ပေါ်ဆန်းထိပ်၊ ပေါ်ဆန်းလတ်၊ ပေါ်ဆန်းအောက်စသဖြင့် ခွဲခြားသတ်မှတ်ကာ ဈေးကွားခြားရောင်းချကြောင်း သိရသည်။
လက်ရှိအချိန်တွင် လက်ရှိအချိန်တွင် ပုသိမ်ပေါ်ဆန်းစပါး ၁၀၀ ပြည် ဈေးနှုန်းသည် ကျပ် ၁,၅၀၀,၀၀၀ မှ ၁,၈၀၀,၀၀၀ ဖြစ်ပြီး ၎င်းဈေးကွက်သည့် ရာသီဥတုဖောက်ပြန်မှုများ၊ စိုက်ပျိုးရေး ကုန်ကျစရိတ်မြင့်တက်မှုများ၊ နိုင်ငံရေး-စီးပွားရေး အခြေအနေများနှင့် နိုင်ငံတကာဝယ်လိုအား အတက်အကျတို့၏ သက်ရောက်မှုကို ခံစားနေရသည်။ သို့သော်လည်း နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ပေါ်ဆန်းဆန်၏ ဝယ်လိုအားမှာ ဆက်လက်ကောင်းမွန်နေသေးသဖြင့် ပုသိမ်မြို့သည် မြန်မာနိုင်ငံ၏ "ဆန်အိုးကြီး"၏ စပါးဈေးကွက်အဖြစ် ၎င်း၏အရေးပါမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
