“မိသားစုအပိုဝင်ငွေရရှိနေသောမြက်ဖျာလုပ်ငန်း”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြစ်သားမြို့နယ်၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စု၊ ထနောင်းကုန်းကျေးရွာတွင် မြက်ဖျာလုပ်ငန်းကို မိသားစုအပိုဝင်ငွေရရှိအောင် ယက်လုပ်ကြပါသည်။ မြက်ဖျာ၊ ယက်လုပ်ရန် အဓိကကုန်ကြမ်းဒေသအခေါ် မြက်စလုံးမြက်ကို အသုံးပြုရကြောင်း၊ မြက်စလုံးမြက်မှာ အင်းနှင့်မြစ်ချောင်း ကမ်းဘေးနားတွင် အများဆုံး ပေါက်ရောက်သော အပင်ဖြစ်ပါသည်။

            မြက်စလုံးပင်ကို ဝယ်စရာမလို အလေ့ကျပေါက်သောကြောင့် အရင်းအနှီးမလိုဘဲ မြက်စလုံးပင်ကို နှုတ်ယူပြီး အပင်မှပါလာသော ပန်းပွင့်များကို ဖယ်ရှားပြီး နေလှန်းအခြောက်ခံထားရကြောင်း၊ အခြောက်ခံပြီး နှီးများကိုဆေးအနီ၊ အဝါ၊ အစိမ်းများထည့်၍ ရေနွေးဖြင့် (၁၅)မိနစ်ခန့် ပြုတ်ထားရကြောင်း၊ ပြုတ်ပြီးသားနှီးများကို လက်ကြိတ်စက်ဖြင့် ပြားသွားအောင် ကြိတ်ရကြောင်း၊ ရရှိသောနှီးများကို ဖျာယက်လုပ်ရန်အတွက် လိုသလိုယက်လုပ် ကြကြောင်း၊ (၂)ယောက်အိမ်ဖျာ၊ (၄)ယောက်အိပ်ဖျာများ ယက်လုပ်ကြကြောင်း၊ (၂)ယောက်အိပ်ဖျာ တစ်ချပ်လျှင် (၁၁၀၀၀-၁၂၀၀၀)ကျပ်၊ (၄)ယောက်ဖျာ တစ်ချပ်လျှင် (၁၄၀၀၀-၁၅၀၀၀)ကျပ် ဖြင့် ရောင်းချရကြောင်း၊ လူတစ်ယောက်တစ်နေ့ဖျာယက်လုပ်မှု (၂)ယောက်အိပ်ဖျာ နှစ်ချပ်ပြီးစီးကြောင်း၊ (၄)ယောက်အိပ်ဖျာဆိုလျှင် တစ်ချပ်သာပြီးစီးကြောင်း သိရှိရပါသည်။ ယက်လုပ်ပြီးဖျာများကို အခြားမြို့များသို့ သွားရောက်ရောင်းချကြကြောင်း၊ ယက်လုပ်ပြီးဖျာများကို လာရောက်ဝယ်ယူကြ သည့် ပွဲစားများလည်းရှိကြောင်း ဖောက်သည်ဈေးအနေဖြင့် မြက်ဖျာတစ်ချပ်လျှင် (၁၀၀၀၀/-) ကျပ်ဖြင့်ရောင်းချရကြောင်း၊ အရင်းအနှီးမလိုသောကြောင့် မိသားစုအပိုဝင်ငွေမှ စီးပွားဖြစ် ယက်လုပ်ကြကြောင်း၊ မြက်ဖျာ၏ အားသာချက်မှာ နွေအခါခင်းအိပ်ပါကအေး၍ ဆောင်းအခါခင်း အိပ်ပါက အနွေးဓာတ်ပိုမိုရရှိသောကြောင့် မြက်ဖျာကို ပိုမိုဝယ်ယူအသုံးပြုသင့်ပါကြောင်း ဖျာယက် လုပ်သော ကြောင်ပန်းကုန်းကျေးရွာတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)