ပုသိမ်မြို့နယ်အတွင်း သီတင်းကျွတ်မီးပုံး၊ လက်တွန်းလှည်းနှင့် ဖယောင်းတိုင် ဈေးနှုန်းများအခြေအနေ

Powered by Drupal

          သီတင်းကျွတ်လပြည့်နေ့အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်သော ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် မီးပုံးပျံ၊ တွန်းလှည်းလေးများနှင့် ဖယောင်းတိုင်များ စတင်၍ အရောင်းအဝယ် စိုပြည်လျက်ရှိကြောင်း သိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပုသိမ်မြို့၏ ဗဟိုဈေး၊ မြို့လယ်ခေါင်ဈေးများနှင့် ယာဉ်ကျေးတန်းဈေးဆိုင်ငယ်များတွင် ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ မီးပုံးပျံ အရွယ်အစားအလိုက် ဈေးကွာခြားမှုရှိပြီး သေးငယ်သောမီးပုံးများကို ကျပ် ၅၀၀ မှ ၁,၀၀၀ အထိ၊ အလတ်စားမီးပုံးများကို ကျပ် ၁,၅၀၀ မှ ၂,၅၀၀ အထိ၊ ကြီးမားသောမီးပုံးများကို ကျပ် ၃,၀၀၀ မှ ၅,၀၀၀ အထိ ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရပါသည်။ မီးရောင်စုံ လက်တွန်းလှည်းများကို ကျပ် ၂၅၀၀ မှ ၃၅၀၀၀ အထိ၊ ဈေးနှုန်းများဖြင့် ရောင်းချနေကြောင်း သိရပါသည်။ ဖယောင်းတိုင် တစ်ထုပ် ၁၂ တိုင်ကို ကျပ် ၁,၅၀၀ မှ ၂,၅၀၀ အထိ၊ အရောင်အမျိုးမျိုး၊ အနံ့အမျိုးမျိုးပါသော ဒီဇိုင်းကောင်းဖယောင်းတိုင်များကို ကျပ် ၃,၀၀၀ မှ ၆,၀၀၀ အထိ ဈေးနှုန်းများဖြင့် တွေ့ရှိရပါသည်။ ဈေးကွက်အနေဖြင့် လက်ရှိတွင် စတင်နေဆဲအဆင့်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့သို့ နီးလာသည်နှင့်အမျှ ဝယ်လိုအားပိုမိုမြင့်တက်ကာ ဈေးနှုန်းများအနည်းငယ် တက်လာနိုင်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)