ပုသိမ်မြို့နယ်အတွင်း ပန်းဂေါ်ဖီစိမ်း ဈေးကွက်အခြေအနေ

Powered by Drupal

          ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ပန်းဂေါ်ဖီစိမ်းများ ဈေးကွက်ဝင်ရောက်လျက်ရှိပြီး ဒေသခံများကြားတွင် ဝယ်လိုအားကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီဖြူထက် နူးညံ့ပြီး အာဟာရတန်ဖိုးပိုမိုကြွယ်ဝသည်ဟု ယူဆကြသဖြင့် ဈေးနှုန်းအားဖြင့် သာမန်ပန်းဂေါ်ဖီဖြူထက် မြင့်မားလျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပုသိမ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီစိမ်း၏ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ မှ ၁,၈၀၀ အကြား (လက်ကား) နှင့် ကျပ် ၂,၀၀၀ မှ ၂,၅၀၀ အကြား (လက်လီ) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

          ပန်းဂေါ်ဖီစိမ်းကို ဟင်းချိုချက်ခြင်း၊ ကြော်ခြင်း၊ ပြုတ်စားခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ချက်ပြုတ်စားသုံးလေ့ရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ဟင်းလျာအဖြစ် နှစ်သက်စွာ စားသုံးကြသည်ကို တွေ့ရပါသည်။ ရာသီဥတုကောင်းမွန်ပြီး ကုန်စည်ရရှိမှု ပုံမှန်ရှိပါက ယခုလို ဈေးနှုန်းအတိုင်း ဆက်လက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)