
ပုသိမ်မြို့နယ်အတွင်းရှိ မြို့မဈေး၊ ဘူတာဈေးနှင့် ရပ်ကွက်ဈေးများတွင် ပဲစောင်းလျားသီးများ ရောင်းချလက်ရှိကြောင်း သိရပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏ မြေဩဇာထက်သန်မှုကြောင့် ပဲစောင်းလျားသီးများ ကောင်းစွာဖြစ်ထွန်းပြီး ဒေသခံလယ်သမားများထံမှ ဈေးသို့ တိုက်ရိုက်ရောက်ရှိ လျက်ရှိပါသည်။
ပဲစောင်းလျားသီးအား ဟင်းချိုချက်ခြင်း၊ အသားနှင့်ရောကြော်ခြင်း၊ ငါးပိချက်ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ချက်ပြုတ်စားသုံးလေ့ရှိပြီး ပုသိမ်မြို့သူမြို့သားများ၏ နှစ်သက်ရာ ဟင်းသီး ဟင်းရွက် တစ်မျိုးလည်း ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ပုသိမ်မြို့နယ်ဈေးများတွင် ပဲစောင်းလျားသီးအား (၁၀)တောင့်လျှင် ကျပ် ၃၀၀ မှ ၄၀၀ ကြား ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပဲစောင်းလျားသီး၏ လတ်ဆတ်မှု၊ အရွယ်အစားနှင့် ရာသီအလိုက် ရရှိမှုပမာဏေပ၍ ဈေးနှုန်းများ ကွာခြားမှုရှိနိုင်ပါသည်။
ယခုအချိန်သည် ပဲစောင်းလျားသီး အထွက်နှုန်းကောင်းသည့် ကာလဖြစ်သဖြင့် ဈေးနှုန်းမှာလည်း သင့်တင့်ပြီး ဝယ်ယူစားသုံးသူများအတွက် အဆင်ပြေလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ရာသီစာ ဟင်းသီးဟင်းရွက်အဖြစ် ပဲစောင်းလျားသီးအား ပုသိမ်မြို့နယ်အတွင်း ဆက်လက်ရောင်းချနိုင်မည်ဟု မျှော်မှန်းရကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
