ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

Powered by Drupal

    စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၂၈.၉.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းသို့ MT. AU VIRGO V. 2025 /258 သင်္ဘောဖြင့် LL.B ဆီကန်သို့  2600 MT ၊ LL.J  ဆီကန်သို့ 800 MT HTT.3 ဆီကန်သို့ 1000 MT စုစုပေါင်း တန်ချိန်(4400) ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)