မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော သင်္ဘောသီးဈေးကွက်

Powered by Drupal

    သင်္ဘောသီးပင်ကို မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အပူပိုင်းနှင့်အပူ အနည်းငယ်လျော့သည့် ဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင်ဆိုပြီး (၃)မျိူးရှိပါသည်။ သင်္ဘောသီးအစိမ်းကို သင်္ဘောသီးသုပ်၊ ယိုးဒယားသင်္ဘောသီးထောင်း စသောအမယ်များအပြင် အသုပ်စုံထဲတွင်လည်း အနည်းငယ် ထည့်၍ စားလေ့ရှိပါသည်။ တချို့မှာ သင်္ဘောသီးယိုအဖြစ်လည်းထိုး၍ စားကြသည်။ သင်္ဘော သီးဟာ အစာချေဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေး တစ်မျိုးလည်း ဖြစ်တာ ကြောင့် ပုံမှန်စားပေးရင် ဝမ်းချုပ်တာ၊ လိပ်ခေါင်းရောဂါဖြစ်တာနဲ့ ဝမ်းလျှောတာတွေကို ကာကွယ်ပေးနိုင်ပါသည်။ယခုတနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဈေးကြီးများနှင့် အခြားသော ဈေးများတွင် သင်္ဘောသီးအစိမ်းများကို အသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းများကို (၇၀၀)ကျပ် နှင့် (၁၀၀၀)ခန့်ကျပ်ထိ ဈေးရရှိကြောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)