ထားဝယ်မြို့၏ ပွဲတော် သပိတ်မျှောပွဲနှင့် မြေထည်သပိတ်စျေးနှုန်း/စျေးကွက်

Powered by Drupal

     ထားဝယ်မြို့တွင် ရိုးရာသပိတ်မျှောပွဲကို သီတင်းကျွတ်လဆန်း (အဖိတ်နေ့ညနှင့် လပြည့်နေ့ မနက်ပိုင်း)တွင် ပြုလုပ်လေ့ရှိပါသည်။ သပိတ်မျှောခြင်းဆိုသည်မှာ မြေသပိတ်အိုး အတွင်း၌ ဆွမ်း ၊ မုန့် ၊ သစ်သီး ၊ ပန်း ၊ တံခွန်ကုက္ကား ၊ ဆီမီး နှင့် အမွှေးတိုင်များထည့်၍ သီတင်းကျွတ်လပြည့် နံနက် အာရုဏ်တက်တွင် ရှင်ဥပဂုတ္တအား ရည်စူး၍ မြစ်အတွင်းမျှောကာ သပိတ်မျှော ဆွမ်းကပ်ကြခြင်း ဖြစ်သည်။.သပိတ်မျှောပွဲကို ထားဝယ်မြို့အပြင် ထားဝယ်မြစ်ကြောင်းတစ်လျှောက်ရှိ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်များရှိ လှေလုပ်ငန်းဖြင့် အသက်မွေးသည့် ကျေးရွာများ တွင် သပိတ်မျှောပွဲကို နှစ်စဥ်ကျင်းပလေ့ရှိပါသည်။ မြေထည်သပိတ်များကို ထားဝယ်ဒေသတွင် သီတင်းကျွတ်ကာလ သပိတ်မျှောပွဲကျင်းပရာတွင် အသုံးပြုပြီး မြိတ်နှင့် ကော့သောင်းမြို့တို့တွင် လှေလုပ်ငန်းဖြင့် အသက်မွေးသူများ လှေထွက်ချိန် သပိတ်မျှော၍ ဆွမ်းတင်ရာ၌ အသုံးပြုကြောင်း မြေထည်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရပါသည်။

          သပိတ်အိုးစျေးနှုန်းမှာ သပိတ်အိုးနှင့် ဆီမီးခွက် ပြုလုပ်ရာတွင်အသုံးပြုသည့် မြေကြီးနှင့် အလှ ဆေးခြယ်ရာတွင် အသုံးပြုသည့် သုတ်ဆေးတို့မှာ ဝယ်ယူရခက်ခဲသလို စျေးတက်သဖြင့် ​မြေထည် သပိတ်စျေးနှုန်းမှာ သပိတ်အသေး တစ်လုံးလျှင် ၂၅၀၀ ကျပ်နှင့်အကြီးတစ်လုံးလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ သပိတ်အိုးရောင်းချသူများထံမှသိရှိရပါည်။

DOCA(တနင်္သာရီ)