တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကြက်သွန်ဖြူဈေးနှုန်း/ဈေးကွက်

Powered by Drupal

    တနင်္သာရိတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့အတွင်းရှိ မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ် သည့် ကြက်သွန်ဖြူကို နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဒေသအတွင်းလက်လီ/ လက်ကားဝယ် ယူသူ များ၊ မြို့နယ်မှတစ်ဆင့်ပြန်လည် ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ရောင်းချနေကြောင်း သိရှိရပါ သည်။

          ယခင်၂၀၂၅ခုနှစ်စက်တင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေ သော ကြက်သွန်ဖြူဈေးနှုန်းမှာ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ခန့်ရှိပြီး ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာလျှင် (၁၆၀၀၀)ခန့်ထိရှိကြောင်းသိရှိရပြီး ယခုအောက်တို ဘာလပထမပတ်တွင် ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)