ထားဝယ်မြို့ ကြက်သားစျေးနှုန်းအခြေအနေ

Powered by Drupal

 

              ယခုကာလသည် ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယဖြစ်သဖြင့် အလှူအတန်း များအား များပြားစွာလှူဒါန်းကြပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည်လည်း အလှူ အတန်းများ ရက်ရောသဖြင့် အလှူများတွင် ဧည့်ခံကျွေးမွေးရန်အတွက် အသင့်တော်ဆုံးနှင့် ချက်ပြုတ်ရလွယ်ကူသော ကြက်သားကို ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီး၊ ကမ်းနားစျေး၊ ညစျေးများတွင် အများအပြား ရောင်းချကြရာ အလွန်ရောင်းအားကောင်းလျက်ရှိပါသည်။

ယခုအခါကြက်သားများကို အများအပြားရောင်းချမှုများရှိလာသဖြင့် ထားဝယ်မြို့တွင် ကြက်သား စျေးနှုန်းများရောင်းအားကောင်းလာသဖြင့် လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်းများအရ ကြက်သား တစ်ပိဿာ လျှင် ကျပ်(၁၅၀၀၀) ခန့်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)