ထားဝယ်မြို့ရှိ မုန်လာဥဈေးနှုန်း/ဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ နေ့စဉ်ကားများဖြင့် ဟင်းသီးဟင်းရွက် ကားများ သည် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး အနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည်လည်း မိမိတို့ နေအိမ်ခြံဝင်းနှင့် လယ်ယာမြေများတွင် သီးပင်စားပင်များအပြင် မုန်လာဥပင်များအား တစ်နိုင် တစ်ပိုင် စိုက်ပျိုးရောင်းချကြသဖြင့် ဟင်းသီးဟင်းရွက်စျေနှုန်းများသည် စျေးနှုန်းမြင့်တက်မှုမရှိဘဲ စျေးနှုန်းများတည်ငြိမ်နေကြောင်းသိရှိရပါသည်။ စိုက်ပျိုးထွက်ရှိသော မုန်လာဉပင်များကို  ကားများ၊ သုံးဘီးယာဉ်များ၊ ဆိုင်ကယ်များဖြင့်် ကမ်းနားပျံကျတင်ပို့ရောင်းချကြပြီး (၅)လုံး တစ်စည်းလျှင်   (၁၅၀၀) ကျပ် မှ(၂၀၀၀)ကျပ် အထိရှိပြီး  ဒေသထွက် မုန်လာဉများက ကျန်မြို့များမှ ကုန်သွယ်တင်ပို့ သော မုန်လာဉများထက်  အနည်းငယ်ဈေးသင့်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)