လေးမျက်နှာမြို့နယ်အတွင်းရှိ ကလေးဖြည့်စွက်စာ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၂၇..၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်နှင့် စတိုးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စာနှင့် ကလေးဖော်စပ်စာ အမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ကလေးဖြည့်စွက်စာနှင့် ကလေးဖော်စပ်စာဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြထားမှု ရှိ/ မရှိ၊  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက် အတွင်း‌ရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ်စာ ကုန်ပစ္စည်းဘူးပေါ်တွင် ဖော်ပြပါရှိသော အသေးစိတ်အချက်အလက်များအား တိုက်ဆိုင်စိစစ်ခဲ့ရာတွင် Dumex Dupro ကလေးဖော်စပ်စာ အစစ်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။ 

DOCA (ဧရာဝတီ)