ဓနုဖြူမြို့နယ် (My RO) မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရေးလုပ်ငန်းစဉ်အား ပညာပေးရှင်းလင်း

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇) ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များထံ ဆက်သွယ်၍ အသိပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မအူပင်ခရိုင်၊ ဓနူဖြူမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၈၈)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (My RO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် ဓနုဖြူမြို့နယ်မှ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြဆောင်ရွက်လျက်ရှိပြီး (၂၅.၉.၂၀၂၅)ရက်နေ့တွင် ဓနုဖြူမြို့နယ်၏ သက်တမ်းတိုးပြည့်မြောက်သည့် လုပ်ငန်းရှင်များ၏ သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာရောက်တွေ့ဆုံမေးမြန်းလျှောက်ထားလာသဖြင့် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက သက်တမ်းတိုးလျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)