
မအူပင်မြို့နယ်တွင် ဒေသထွက်ကုန်များ ထုတ်လုပ်ရောင်းချသူများ များပြားပြီး၊ ဒေသတွင်း တစ်ပိုင်တစ်နိုင်မုန့်လုပ်ငန်း ရောင်းချဖြန့်ဖြူးသူများလည်းရှိသည်။ ထို့အပြင် အညာဒေသထွက် ဇီမလှိုင်၊ ဇီးထန်းလျက်များကို ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် အညာဇီးသီးနှင့် အညာထန်းဦး ထန်းလျက်ကိုပေါင်းစပ်၍ အအီပြေ၊ ခံတွင်းရှင်း၊ ရင်ချောင်သော ဇီမလိုင်ခေါ် ဇီးထန်းလျက်ကို ရောင်းချလျက်ရှိသည်။ ၁ပိဿာလျင် ၁၃၀၀၀ကျပ်၊ ၅၀ကျပ်သားလျှင် ၆၅၀၀ကျပ်ဖြင့် အိမ်အရောက်ပို့ဆောင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ဇီးထန်လက်ရောင်းချသူသည် အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားရှိပြီးဖြစ်ပြီး အညာဒေသမှထွက်ရှိသော ဇီးထန်းလျက်ကိုမှာယူကာ မအူပင်မြို့နယ်အတွင်းရောင်းချခြင်းဖြစ်၍ ရောင်းအားကောင်းပြီး ကြိုက်နှစ် သက်သူများပြားကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
