ပေါက်ခေါင်းမြို့နယ်၏ မိုးမြေပဲ အခြေအနေ

Powered by Drupal

   ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးမြေပဲ (၁၅၃၄၃) ဧကစိုက်ပျိုးရန် လျာထားပြီး လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ မိုးမြေပဲအဖြစ် ဗီယက်နမ်၊ ဆင်းပဒေသာ - ၁၁ နှင့် ဆွန်တာနီမျိုးများကို စိုက်ပျိုးကြပါသည်။ အထွက်နှုန်းအနေဖြင့် ပန်းတိုင်အထွက်နှုန်း (၇၁) တင်း သတ်မှတ်ထားပြီး (၇၅၊ ၇၈) တင်းထွက်ရှိသည့်အပြင် အချို့ (၈၀) တင်းကျော်အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် အခွံအပါ (၁)ပိဿာလျှင် ကျပ် (၂၈၀၀ မှ ၃၀၀၀) အထိ ရရှိပြီး အခွံချွတ်ပြီး (၁)ပိဿာလျှင် (၆၅၀၀ - ၆၈၀၀) အထိရရှိကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာ ပန်းတိုင်အထွက်နှုန်းထက် ပိုမိုကျော်လွန်သည့်အပြင် ယခင်နှစ်ထက်ပါ အထွက်နှုန်းပိုခဲ့ပါသည်။ သို့သော် ဈေးနှုန်းမှာမူ ယခင်နှစ်ကထက် လျှော့နည်းသွားကြောင်း တောင်သူတစ်ဦးထံမှ သိရှိခဲ့ရ ပါသည်။

DOCA(ပဲခူး)