
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း ၊ အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ/နီ၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။
စက်တင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်းမှာ နနွင်းတက် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ် နှင့် နနွင်းတက် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး နနွင်းမှုန့် အစစ် ဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA (စစ်ကိုင်း)
