မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

Powered by Drupal

  မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီး၏ (၁၅၁) ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ၆.၁၀.၂၀၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ကန်ကြီးမင်္ဂလာ ကန်တော်၌ ကျင်းပသည်။

   မျိုးဆက်သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ် အတွင်း လှေလှော်အားကစားသမားကောင်းများ ပေါ်ထွက်လာရန်အတွက် လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များမှ လှေလှော်အသင်း (၁၀) သင်းက ပါဝင် ယှဥ်ပြိုင်လှော်ခတ်ခဲ့ကြပြီး ဗိုလ်လုပွဲစဥ်တွင် မာရဇိန်လှေလှော်အသင်းနှင့် မျိုးဆက်သစ် လှေလှော်အသင်းတို့က အကြိတ်အနယ်ယှဥ်ပြိုင်လှော်ခတ်ကြ၍ မာရဇိန်လှေလှော်အသင်းက အနိုင်ရဗိုလ်ဆွဲခဲ့သည်။

   ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ကန်ကြီးစေတီတော် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တ ကေတုဝါရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးပြည်သိမ်း နှင့် အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပထမဆု (တံခွန်စိုက်ဒိုင်း)၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုနှင့် တစ်ဦးချင်းဆုများ၊ ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)