
ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ပျားလိမ္မော်သီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒညှင်းသီး နှင့် ဖရဲသီးများကို ရောင်းချလျက်ရှိကြောင်း သိရ သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖသော ကျွန်းလှမြို့၏ တည်သီး ဈေးနှုန်းများမှာ တည်သီး အကြီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၄)လုံး နှင့် အလတ် တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၅)လုံး အသေး တစ်လုံးလျှင်(၁၇၀၀)ကျပ်၊ ငွေကျပ် (၁၀၀၀၀)ဖိုး(၆)လုံးတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ပျားလိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက် နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။
DOCA(စစ်ကိုင်း)
