“မိုးမြေပဲများရိတ်သိမ်းလျက်ရှိ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် မြေပဲသီးနှံ ကိုလည်းစိုက်ပျိုးကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၁၉၅၄)ဧက စိုက်ပျိုးထားရှိကြောင်း ၊ ကျောက်ဆည်မြို့နယ်တွင် (၃၀၀)ဧက စိုက်ပျိုးထားရှိပြီး (၁၈၀)ဧက ရိတ်သိမ်းပြီးကြောင်း၊ အထွက်နှုန်းအနေဖြင့် (၄၈.၄၀)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ မိုးမြေပဲများကို မတ်လတွင် စတင် စိုက်ပျိုးကျကြောင်း ၊ စက်တင်ဘာလ လဆန်းမှ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်များ အရသိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀) ကျပ် ဝန်းကျင်ခန့်ကုန်ကျ ကြောင်း၊ မြေပဲစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၊ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အထွက်နှုန်းအနေဖြင့် တင်း(၄၀-၄၅)ခန့် ထွက်ရှိခဲ့ကြောင်း၊ မြေပဲဈေးနှုန်းအနေဖြင့် မြေပဲတောင့်(၁)တင်းလျှင်(၃၀၀၀၀/-)ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင် (၇၇၀၀/-) ကျပ် ၊ မြေပဲဆီ(၁) ပိဿာလျှင်(၁၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ပွဲစားများမှ ရွာအရောက်ဝယ်ယူမှုများရှိသလို တောင်သူများမှလည်း ပွဲရုံများသို့တိုက်ရိုက်တင်ပို့ ရောင်းချကြောင်း၊ ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း အကျိုးအမြတ်အနေဖြင့် (၆၉၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ ကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)