“အညာဒေသမှမယ်ဇလီဖူးများထွက်ပေါ်လျက်ရှိ”

Powered by Drupal

       မြန်မာနိုင်ငံ၏ အထက်အညာဒေသဖြစ်သည့် မန္တလေးတိုင်း‌ဒေသကြီး ၊ ကျောက်ဆည်ခရိုင် သည်သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းအပင်များအနက် ဆေးဖတ်ဝင်အပင် တစ်မျိုး ဖြစ်သည့် မယ်ဇလီပင်များ ဖူးပွင့်လျက်ရှိပါသည် ။ ဖူးပွင့်နေသော မယ်ဇလီဖူးပွင့်လေးများအား သေချာစွာခူးယူ၍ အပွင့်အစိမ်းအတိုင်း ရောင်းချကြသလို အဖူးအပွင့်လေးများကို ရေနွေးဖြင့်ဖျော၍ ရောင်းချကြပါသည် ။ ယခုအချိန်တွင် မယ်ဇလီဖူးများ စတင်ထွက်ပေါ် လျှက်ရှိပါသည် ။ ရာသီပေါ် မယ်ဇလီဖူးများကို ဆေးဖက်ဝင်သောကြောင့် စားသုံးသူများ   ကြိုက်နှစ်သက်ကြပါသည် ။  ကျောက်ဆည်မြို့ရှိ မြို့မစျေး နှင့် အေးမြကြည်လင်စျေးများတွင် မယ်ဇလီဖူး အစိမ်း နို့ဆီဗူး (၁)ဗူးလျင် (၅၀၀/-)ကျပ် ၊ ပြုတ်ပြီးသား နို့ဆီဗူး(၁)ဗူးလျှင် (၈၀၀/-)ကျပ် ၊ (၂)ဗူးလျင်(၁၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချရကြောင်း ၊ ရောင်းချသူများမှာ နေ့စား အလုပ်သမားများမှ မိသားစု ဝင်ငွေတိုးရန်အတွက် ခူးဆွတ်၍ ရောင်းချခြင်းဖြစ်ပါသည် ။ ပြုတ်ပြီးသော မယ်ဇလီဖူးလေးများကို ငရုတ်ဆုံဖြင့် လေးစိတ်ကွဲအောင် မညက်တညက်ထောင်းပြီး ဇလုံကြီးတစ်ခုထဲတွင်ထည့်၍  ဆီချက် (ဆီ)၊ ပါးပါးလှီးထားသည့် ကြက်သွန်နီ၊   ပုစွန်ခြောက်မှုန့်၊ မြေပဲထောင်း မှုန့်၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့် တို့ကိုရောနယ်ပြီး အသုပ်သုပ်၍စားသုံးကြပါသည်။ မယ်ဇလီဖူးသည် ချို၊ ဆိမ့်၊ ဖန်  အရသာသုံးမျိုး ရောပြွမ်း၍ ခါးသက်သက်အရသာလွှမ်းမိုးသော  မဲဇလီတွင်  အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ် ပူးတွဲပါရှိနေသောကြောင့် ရှေးတိုင်းရင်းသမားတော်ကြီးများက မြန်မာ့ရိုးရာ ဆေးမြီးတိုအဖြစ် အိပ်မပျော်ခြင်း ၊ သွေးတက်ခြင်း ၊ ရုပ်ရည်ခန်းခြောက်ခြင်း ၊ အသက်ရှူပြွန်ချောင်းရောင်ခြင်း ၊  ချောင်းခြောက်ဆိုးခြင်း စသည့် ရောဂါများအတွက်  ကုသပေးခဲ့ကြကြောင်း လေ့လာသိရှိရပါသည် ။ ဆေးဖက်လည်းဝင် အဟာရတန်ဖိုးလည်းမြင့်မားပြီး ခံတွင်းမြိန်စေသော မယ်ဇလီဖူးများကို ဝယ်ယူ စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)