“ခရမ်းချဉ်သီးဈေးနှုန်းများအနည်းငယ်မြင့်တက်”

Powered by Drupal

          မြန်မာနိုင်ငံသည် နွေ၊ မိုး၊ဆောင်း ဥတုသုံးပါးညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အားစိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီး သီးနှံကို ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိပါသည် ။ ယခုအချိန်တွင် အောင်ပန်း ၊ အင်းလေးမှထွက်ရှိသော ခရမ်းချဉ်သီးများ ကျောက်ဆည်ခရိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း ၊ မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများလည်း ထွက်ပေါ်နေပြီဖြစ်ကြောင်း ၊ ခရမ်းချဉ်သီး‌ စျေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင်(၁၅၀၀-၂၀၀၀)ကျပ် ရှိခဲ့ရာမှ အောက်တိုဘာလ ဒုတိယပတ်တွင် တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်  စျေးနှုန်းများဖြင့်  ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ် နှင့် ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ၊ ခရမ်းချဉ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် အောင်ပန်း ၊ အင်းလေးမြို့များမှ ဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်း နှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီး ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)