
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၄၈၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီး ထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၁၉၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၈၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၅၀ ၊ အကြီးမှာ ကျပ် ၁၂၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၀၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
၉.၁၀.၂၀၂၅ ရက်နေ့တွင် ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးအနည်းငယ် တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
